ပေါ်တူဂီသို့ ပြီးခဲ့သည့်နှစ်က နိုင်ငံတကာခရီးသွား သန်း ၃၀ နီးပါး လာရောက်
လစ္စဘွန်း ဇူလိုင်
၉
ပေါ်တူဂီနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း
နိုင်ငံတကာခရီးသွား ၂၉ ဒသမ ၉ သန်း လာရောက် ခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကထက်
၃ ဒသမ
၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း
အမျိုးသားစာရင်းအင်းဌာနက ဇူလိုင် ၉ ရက် တွင် ထုတ်ပြန်သည်။
စပိန်နိုင်ငံသည် စုစုပေါင်းခရီးသည် ဝင်ရောက်မှု၏
၂၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အဓိက ခရီးသွား အရင်းအမြစ် ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း
လာရောက်သူ အရေအတွက်မှာ ၀ ဒသမ ၆ ရာခိုင်နှုန်း
လျော့ကျခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က အစဉ်လိုက်
ရပ်တည်လျက်ရှိသည်။
ဆင်ဟွာ

No comments