ဗင်နီဇွဲလား၌ ငလျင်ဒဏ်သင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ
ကရာကတ် ဇူလိုင် ၉
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး သီတင်းနှစ်ပတ်ခန့် အကြာတွင်
ဗင်နီဇွဲလားနိုင်ငံ၌ ငလျင်ကြောင့် သေဆုံးသူဦးရေ ၃၈၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း
သိရသည်။
ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတက
ထိခိုက်နစ်နာသူများအား ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတကာမှ လူပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ကာရေဘီယံပင်လယ် ကမ်းရိုးတန်း
တစ်လျှောက် ထိခိုက်နစ်နာမှုအများဆုံးဖြစ်သည့် ဒေသများသို့ အကူအညီများ
စတင်ပို့ဆောင် လျက်ရှိသည်။
ဇွန် ၂၄ ရက်တွင် ပြင်းအား
၇ မဂ္ဂနီကျူကျော်ရှိသည့် ငလျင် နှစ်ကြိမ် ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ် ခဲ့ခြင်းဖြစ်ပြီး
ယခုအချိန်အထိ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။ ဗင်နီဇွဲလားအစိုးရက ငလျင်ကြောင့် လူပေါင်း ၁၈၀၀၀ ခန့် အိုးအိမ်များဆုံးရှုံးခဲ့သည်ဟု ပြောသည်။
ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၆၀ ခန့်အကွာရှိ
မြို့တော်ကရာကတ်တွင်ပင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး တိုက်ခန်းတစ်ခန်း ပြိုကျခဲ့ရာ
ခုနစ်ဦး သေဆုံးခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments