ဩစတြေးလျက နျူကလီးယားစွမ်းအင်အတွက် အိန္ဒိယသို့ ယူရေနီယံတင်ပို့မည်



မဲလ်ဘုန်း  ဇူလိုင်  

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစီနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် ဇူလိုင် ၉  ရက်က  သဘောတူညီချက်တစ်ရပ်တွင်   လက်မှတ်ရေးထိုးခဲ့ပြီး  သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံက နျူကလီးယားစွမ်းအင်အတွက် အသုံးပြုမည့် ယူရေနီယံကို  အိန္ဒိယနိုင်ငံသို့  တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်တွင် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် အိန္ဒိယသို့ ယူရေနီယံတင်ပို့မည့် သဘောတူညီချက်ကို   လက်မှတ်ရေးထိုးခဲ့ကြောင်း အယ်လ်ဘာနီးစီက  ဇူလိုင်    ရက်က  မဲလ်ဘုန်းမြို့၌  ကျင်းပသည့်   တတိယအကြိမ်မြောက်   ဩစတြေးလျ - အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ပြောကြားသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဩစတြေးလျနိုင်ငံသို့  သုံးရက်ကြာ တရားဝင်ခရီးစဉ်ဖြင့် လာရောက် ခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်သည် အရေးပါပြီး အိန္ဒိယနိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရှိန်အဟုန်သစ်တစ်ရပ် ဖြစ်စေမည်ဟု  မိုဒီက ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.