အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



နေပြည်တော် ဇူလိုင် ၁၄


အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။


တက်ရောက်


ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြသည်။


မွန်းလွဲပိုင်းတွင် Parallel Sessions များခွဲ၍ ဆွေးနွေးကြရာ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်က အဝေးသင် ပညာရေးစနစ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေး က ဒီဂျစ်တယ်ပညာရေး စနစ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာကြည်ရွှင်က အရည်အသွေးအာမခံမှုစနစ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ ခင်မျိုးမြင့်ကြူက ဆရာအတတ် ပညာအရည်အသွေး တိုးတက်စေရေးခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာသူများက အဝေးသင်ပညာရေး စနစ်၊ ဒီဂျစ်တယ်ပညာရေးစနစ်၊ အရည်အသွေး အာမခံမှုစနစ်၊ ဆရာအတတ်ပညာ အရည်အသွေး တိုးတက်စေရေး ခေါင်းစဉ်များ အလိုက် Parallel Sessions များ ခွဲပြီး ဆွေးနွေးကြကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


 သတင်းစဉ်

No comments

Powered by Blogger.