ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၌ Ultrasound စက်အသစ်ဖြင့် ရောဂါရှာဖွေနေမှုကြည့်ရှုအားပေး




ရန်ကုန် ဇူလိုင် ၁၄


အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ Ultrasound အခန်း ပြင်ဆင်ထားရှိမှုနှင့် Ultrasound စက်အသစ်ဖြင့် အာမခံအလုပ် သမားလူနာများအား ရောဂါရှာဖွေနေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ မြို့နယ်ဦးစီးမှူး များနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း  တည်ဆောက်မည့် သင်တန်းသားအိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာကို သတ်မှတ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.