သထုံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြော
သထုံ ဇူလိုင် ၁၅
မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး
ဟောပြောပွဲကို ဇူလိုင် ၁၄ ရက်က လိပ်အင်းရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း
နဝဒေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ
အထက်တန်းပြဆရာ ဦးပြည့်ဇင်ဖြိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား
ကျောင်းသူ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ အွန်လိုင်းများပေါ်မှ
သတင်းအတု/ သတင်းအမှားများ ဂရုပြုနိုင်ရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို
ဆွေးနွေးဟောပြောခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments