ကော့မှူးမြို့နယ်၌ ရေဘေးကာကွယ်ရေးသရုပ်ပြ



ကော့မှူး ဇူလိုင် ၂၁

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သရက်တောကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကျင်းပသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မုတ်ကျွန်းတာ(သရက်တောအပိုင်း) သရက်တော ကျေးရွာအုပ်စု၌ ကျင်းပသည်။

 

အခမ်းအနားတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ပေါင်သွဲ့တန်က သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသွင်ယုနိုင်က သဘာဝဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.