မြဝတီမြို့၌ ကလေးငယ်များအား အာဟာရဖြည့်အစားအစာများကျွေးမွေး



မြဝတီ ဇူလိုင် ၂၁

 

ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ကျွေးမွေးလှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဆောင်ရွက်သည်။

 

KG ကျောင်းသား ကျောင်းသူ ၁၇၅ ဦးတို့အား မြို့နယ်ပညာရေးမှူး ဦးမိုးကျော် ကြီးကြပ်မှုဖြင့် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်နှင့် ဆရာဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက ပူးပေါင်းဆောင်ရွက်၍ အာဟာရဖြည့် အစားအစာများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments

Powered by Blogger.