မြိတ်မြို့၌ မျိုးစပါးနှင့် သွင်းအားစုပေးအပ်ပွဲ ကျင်းပ



မြိတ် ဇူလိုင် ၂၁

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား မျိုးစပါးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ အဖွဲ့ဝင် ဒေါ်မွန်မွန်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်စမ်းစမ်းမိုး က မျိုးစပါးသွင်းအားစုများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းများမှ အသင်းသားတောင်သူ ၉၄ ဦး၏ မိုးစပါးစိုက်ပျိုးဧက ၁၀၀၀ အတွက် ကျပ်သန်း ၂၅၀ နှင့် ညီမျှသော မျိုးစပါးတင်း ၂၀၀၀၊ ကွန်‌ပေါင်း ဓာတ်မြေဩဇာ ၅၃၁ အိတ်၊သဘာဝဓာတ်မြေဩဇာ ၁၆၈ အိတ်၊ ပုလဲ ဓာတ်မြေဩဇာ ၅၀၆ အိတ်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.