မြောင်းမြမြို့၌ ဆိုင်ကယ်စီးဦးထုပ် အလုံး ၁၀၀ အခမဲ့ဝေငှ



မြောင်းမြ ဇူလိုင် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ဆိုင်ကယ်စီးဦးထုပ်အလုံး ၁၀၀ အခမဲ့ဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့၏ လူစည်ကားရာနေရာဖြစ်သည့် မြကန်သာပန်းခြံလမ်းဆုံ၊ ဦးဘဦးလမ်းမကြီး၊ ဆောက်လုပ်ရေးအင်ဂျင်နီယာဦးစီးရုံးရှေ့များ၌ အမှတ် (၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြောင်းမြ)မှ တပ်ဖွဲ့စုမှူး ရဲမှူးမြင့်လွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးစိုးနိုင်၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.