မြောက်ဥက္ကလာပမြို့နယ်၌ သမဝါယမအသင်း နှစ်ပတ်လည်အစည်းအဝေးပြုလုပ်
ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်
ပြည့်ချမ်းသာ ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်
အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့က မြရတနာ (၁၁)လမ်း သာသနဝုတ္တိ
ဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးချစ်ကိုကိုဦးက အမှုဆောင်ရွေးချယ် တင်မြောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများနှင့်
ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းမှ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့်
နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသား ဒေါ်သိင်္ဂီမျိုးက ဖတ်ကြားတင်ပြပြီး အသင်းသားများ၏
အတည်ပြုချက်ရယူသည်။
အဆိုပါ အစည်းအဝေးသို့ အသင်းသား ၆၂ ဦး
တက်ရောက်ပြီး အစုပေါ်အမြတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments