ကော့မှူးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဆင်း

 


ကော့မှူး ဇူလိုင် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သမင်ခြံကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က သမင်ခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြောကြားပြီး တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့် အဖွဲ့ဝင်များက သင်တန်းဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.