ဝေါမြို့နယ်၌ ရေဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
ဝေါ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပသည့် မိုးရာသီ ရေဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို
ကျွဲတဲစုကျေးရွာ မိုးယွန်းကြီး-ဇွဲဘတ်တာ တာမိုင် (၈/၆) မိုးယွန်းကြီးရေပိုလွှဲအနီး၌
ယနေ့တွင် ကျင်းပသည်။
ဦးစွာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးသန့်ဇင်အောင်က ရေဘေးကာကွယ်ရေးနှင့် သတိပြုရမည့်အချက်များကို တက်ရောက်လာသူများအား
ရှင်းလင်း ဆွေးနွေးပြီး ရေးဘေးကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို
လက်တွေ့ပြသရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာအကျိုးပြု ဧရိယာအတွင်းရှိ ကျေးရွာများမှ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments