ကျိုက်ထိုမြို့နယ်၌ ငှက်ပျောပင် စုပေါင်းစိုက်ပျိုး

 


ကျိုက်ထို ဇူလိုင် ၂၉

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငှက်ပျောပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၈ ရက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းစိုက်ပျိုးကြသည်။

 

စုပေါင်းစိုက်ပျိုးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးအောင်မြင့်ထွန်း၊ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာသန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဒေသမျိုးငှက်ပျော ပျိုးပင်ပေါင်း ၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.