လွိုင်ကော်မြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးပွဲ ကျင်းပ
လွိုင်ကော် ဇူလိုင် ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်းကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အထောက်အကူပြု အာဟာရဖြည့်စွက်စာ ငှက်ပျောသီးကျွေးမွေးနိုင်ရန် အတွက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ်(ခါး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖီးကြမ်းငှက်ပျောပျိုးပင်များကို ပြည်နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများထံပေးအပ်ကြပြီး ကျောင်းအကျိုးတော် ဆောင်များနှင့် ကျောင်းသား ကျောင်းသူများက ငှက်ပျောပျိုးပင်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
တက်ရောက်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံနှင့် မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments