တိုင်းရင်းသားရေးရာ အသိပညာပေးဆွေးနွေး
အေးသာယာ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့တွင် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့အား ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နောင်အင်ပရိယတ္တိ စာသင်တိုက်ဘုန်းကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကတက်ရောက် လာသည့် တိုင်းရင်းသားများထံ ပံ့ပိုးပစ္စည်းများ ပေးအပ်ပြီး တာဝန်ရှိသူများက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု ကာကွယ် တားဆီးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေး အလုပ်သမားများ ဖယ်ရှားရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေးပင်စင်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကာ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်း ကောက်ယူခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments