ဘားအံမြို့၌ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း ၃၂၄၂ ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူ




ဘားအံ ဇူလိုင် ၂၉


ဘားအံမြို့၌ ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း ၃၂၄၂ ပါးအား ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရန်၊ ပစ္စည်းလေးပါး အဆင်ပြေစေရန်နှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရန် ရည်မှန်း၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း ပြီး ယနေ့ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။


ယနေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အကြိမ် (၃၀) မြောက်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်မှ ဘုန်းတော်ကြီးကျောင်း ၇၈ ကျောင်း၊ သီလရှင်ကျောင်း ၂၀ တို့မှ သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၂၄၂ ပါးတို့အတွက် ဆွမ်းဆန် အပြင် ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။


အဆိုပါ လောင်းလှူပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများလည်း တက်ရောက် လောင်းလှူကြကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.