ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးနည်းလမ်းများနှင့် သီးနှံစုံစိုက်ပျိုးခြင်း လုပ်ငန်းများပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မည်
နေပြည်တော် ဇူလိုင် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)၏ ညွှန်ကြားရေးမှူးနှင့်
ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးနည်းလမ်းများနှင့် သီးနှံစုံစိုက်ပျိုးခြင်း လုပ်ငန်းများပိုမိုတိုးတက်စေရေး
ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနနှင့် UNOPS တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT)ဆိုင်ရာ သဘောတူညီချက်ဖြင့်ဆောင်ရွက်ပြီး
လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ UNOPS-LIFT အစီအစဉ်ဖြင့် ၂၀၂၆
ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆောင်ရွက်ရန် UNOPS နှင့်ညှိနှိုင်းထားသည့် (Final Work
Plan, 2026-2028)အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့် လုပ်ကွက်ငယ်တောင်သူ လယ်သမားများအတွက်
ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အလေ့အကျင့်ကောင်းများနှင့် ဈေးကွက်မြှင့်တင်ရေး၊ ထုတ်ကုန်ဈေးကွက်
ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး
လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ
အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments