အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီအစည်းအဝေး ကျင်းပ

 


ရန်ကုန် ဇူလိုင် ‌၁၆

 

သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကောင်စီဥက္ကဋ္ဌ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တက္ကသိုလ်ကောင်စီဝင်များ၊တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 ဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီ နာယက ပါမောက္ခချုပ် ဆရာတော်က သြဝါဒကထာ မိန့်ကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏ သင်ကြား/စီမံရေးရာကိစ္စရပ်များကို လျှောက်ထားပြီး ကောင်စီအတွင်းရေးမှူးက အစည်းအဝေးတွင်တင်ပြရန်ရှိသည့် အမှာစာခုနစ်စောင်ကို တင်ပြလျှောက်ထားသည်။

 

ယင်းနောက် တက်‌ရောက်လာကြသူများက အမှာစာများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.