မြို့သစ် မြို့နယ်၌ မိုးစပါး (၆၄၂၀၁)ဧက လျှာထား စိုက်ပျိုး




မြို့သစ်     ဇူလိုင် ၃၀


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ခုနှစ် အတွက် မိုးစပါး (၆၄၂၀၁) ဧကစိုက်ပျိုးရန်လျာထားကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။


မြို့သစ်မြို့နယ်တွင် တောင်သူများမိုးစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက်မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည်ရေလှောင်တမံ၊ပုလင်းဆည် ရေလှောင်တမံ၊ စွန်ဆည်ရေလှောင်တမံ၊ဆဒ္ဒန်ဆည်ရေလှောင်တမံမှ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။


မြို့သစ်မြို့နယ်တွင်မိုးစပါးစိုက်ပျိုးရာသီ၌ဒေသနှင့်ကိုက်ညီသည့်အထွက်ကောင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများရွေးချယ်စိုက်ပျိုးနိုင်ရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကကွင်းဆင်းပညာပေး ဆောင်ရွက်ခြင်း၊စိုက်ပျိုးရာတွင်နည်းစနစ်ကျနစွာ စိုက်ပျိုးနိုင်ရေး၊မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့်လိုအပ်သည့်နည်းပညာများကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း ပြန်/ဆက်

No comments

Powered by Blogger.