ဒလမြို့နယ်၌ မိုးစပါးစံပြကွက် ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၆
ခုနှစ် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစံပြကွက် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြခြင်း
စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခြင်းနှင့်
Rice Export Zone တွင်ပါဝင်သော တောင်သူများအား Rice Exporter ကုမ္ပဏီများက ပံ့ပိုးငွေပေးအပ်ခြင်း
အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က အမှာစကားပြောကြားပြီး
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို
ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးညွန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် Rice Exporter (MAPCO)ကုမ္ပဏီမှ Executive
Director တို့က တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ပေးအပ်သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ
ပေးအပ်ခြင်းနှင့် Rice Export Zone တွင် ပါဝင်သော တောင်သူများအား ပံ့ပိုးငွေများပေးအပ်ခဲ့ကြောင်း
သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments