အင်းစိန်မြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ
ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင်
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက
ထန်းပင်ကုန်းရပ်ကွက် Majestic Academy ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသူရိန်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က
အမှာစကားပြောကြားပြီး Majestic Academy ကိုယ်ပိုင်အထက်တန်းကျောင်း Founder ဒေါ်နန်းသဉ္ဇာအောင်က
မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပရာ
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ မူးယစ်တပ်ဖွဲ့စု(၄၀)မှ ရဲမှူးသန်းထွဋ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါ်ခင်ခင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယု၊ ဒုတိယမြို့နယ်တရားသူကြီး
ဦးမင်းသန့်ဖြိုးနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်သူတို့က မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)

No comments