တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ထားဝယ် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆင့်မြှင့်တင်
ဆောင်ရွက်မည့် ရွှေဝယ်သီရိ အားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး စခန်းသွင်း လေ့ကျင့်နေသည့်
မျိုးဆက်သစ် အားကစား မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ ရွှေဝယ်သီရိ ဂျူဒိုရုံ၊ လက်ဝှေ့လေ့ကျင့်ရေးရုံ၊
စားပွဲတင်တင်းနစ်ရုံ၊ ကာယဗလ လေ့ကျင့်ရေးရုံ၊ ဖူဆယ်အားကစားရုံ၊ တင်းနစ်ကွင်း၊ တိုင်းဒေသကြီးအားကစားကွင်း၊
အားကစားခန်းမ၊ ဒိုင်ဗင်ပါရေကူးကန် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား
မြို့နယ်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်
အမျိုးသား (၃)ယောက်တွဲ ထားဝယ်မြို့နယ်အသင်းနှင့် မြိတ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို
ကြည့်ရှုအားပေးကြရာ ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသွားပြီး ပိုက်ကျော်ခြင်း ဆပ်ကော်မတီက
ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုငွေ ကျပ် ၁၂ သိန်း ပေးအပ်ချီးမြှင့်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တိုင်းဒေသကြီးဝန်ကြီးများက ဆုရရှိသည့် အသင်းများကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ၊
တံခွန် စိုက်ဖလားတို့ကို ပေးအပ်ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments