ရေတာရှည်မြို့နယ်၌ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 


ရေတာရှည် ဇူလိုင် ၁၅

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျန်သနွယ်ကျေးရွာအုပ်စု မြန်မာ့သစ်လုပ်ငန်း နန်ချွန်သင်တန်း ကျောင်းဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူလူထုများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ မဟော်ဂနီ၊ ခရေ၊ ယမနေ၊ စုစုပေါင်း အပင် ၃၀၀ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.