သာပေါင်းမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေး
သာပေါင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်
ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီက ယနေ့နံနက်ပိုင်းတွင် သီရိရွှေသာဈေးရှေ့ ဧရာဝတီဘဏ်မျက်နှာစာ၌
ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးကြသည်။
သာပေါင်းမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ
ဦးမင်းဧရာထိုက်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုဇင်၊ အတွင်းရေးမှူး
မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ဒေါက်တာကျော်စိုးလင်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဆန်တစ်ပြည်၊ ဆီ ၅၀ ဆယ်သား၊
ကြက်ဥငါးလုံး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၀၀၀၀ ဖြင့် အိမ်ထောင်စု ၆၆၀ အား ရောင်းချပေးခဲ့ကြောင်း
သိရသည်။
သာပေါင်း(ပြန်/ဆက်)

No comments