လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ





နေပြည်တော်   ဇူလိုင်  ၃၁


လယ်ဝေးမြို့နယ်တွင်ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြဆေးပြားများဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ တရားခံ ကျော်ဝင်း()မနိုး၊ မင်းမင်းဟန်၊ အောင်ကိုကို()အောင်ကို၊ အေးကြိုင်နှင့် သန်းဇော် တို့ ၅ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ   ဆိုင်ရာဥပဒေအရ အရေးယူ ထားရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။


ဖြစ်စဉ်မှာ  Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpgမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သတင်းအရ လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာ အနီးတွင် တောင်ငူမြို့နယ်၊ ကံရိုးရွာနေ ကျော်ဝင်း()မနိုး(၄၀)နှစ် မောင်းနှင်ပြီး တောင်ငူမြို့၊ (၁၉) ရပ်ကွက်နေ မင်းမင်းဟန်(၅၀)နှစ်၊ တောင်ငူမြို့နယ်၊ ခပေါင်းရွာနေ အောင်ကိုကို()အောင်ကို(၃၃)နှစ်၊ ရေတာရှည်မြို့နယ်၊ () ရပ်ကွက်နေ အေးကြိုင်(၄၈)နှစ်နှင့် သာစည်မြို့နယ်၊ ဟင်းခွတ်အိုက်ရွာနေ သန်းဇော်(၅၁နှစ်တို့လိုက်ပါ လာသော TOYOTA IPSUM အမျိုးအစား‌ မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွဆေးပြား ၁၀ သိန်း(တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့သဖြင့် ယင်းတရားခံ ၅ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း  သိရသည်။


(ရဲပြန်ကြား)



No comments

Powered by Blogger.