မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် အသုံးပြုပုံ ရှင်းလင်းဆွေးနွေး
နေပြည်တော် ဇူလိုင်
၂၁
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံး၏ဦးဆောင်မှုဖြင့်
မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle
Automatic Valuation System (VAVS) အသုံးပြုပုံအဆင့်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်
၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ
တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက
ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနယ်မြေ
အခွန်ဦးစီးဌာနမှူးက မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ်
အသုံးပြုပုံကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ
တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲကို
မော်တော်ယာဉ်ဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်ကိစ္စစိစစ်မှုခံယူရန် အတွက် သက်ဆိုင်ရာရုံးများသို့
သွားရောက်ဆောင်ရွက်ရခြင်း၊ အခွန်ပေးဆောင်နိုင်ရန် ငွေသွင်းချလန် အထောက်အထားရယူ၍ ဘဏ်သို့သွားရောက်ရခြင်း၊
သက်ဆိုင်ရာရုံးများတွင် အခွန်ဆိုင်ရာစိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက် (Tax
Clearance Certificate) နှင့် လုံခြုံမှုအဆင့်ပါ အခွန်စည်းကြပ်မှု အထောက်အထား (ပတခ(၀င)-၀၄-၀၈)
ထုတ်ယူရခြင်း စသည့်လုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နည်းပညာ ခေတ်နှင့်လျော်ညီစွာ
အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း
သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)

No comments