စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မျိုးစေ့များပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြသပွဲ တက်ရောက်
မုံရွာ ဇူလိုင် ၁၅
အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့်
Quick Impact Project (QIP) အစီအစဉ်အရ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဝါနှင့်
မတ်ပဲမျိုးစေ့များကို တောင်သူများသို့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ
ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၀၀ အတွက် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့နှင့်
သွင်းအားစုများကို ပေးအပ်ကြကာ ဒေသခံတောင်သူများက တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅
စိုက်ဧက လေးဧကအတွင်း မိုးနှောင်း ချည်မျှင်ရှည်ဝါ စနစ်တကျစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို
အတူတကွကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments