လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက စိန်ပန်းပင်ကို သတ်မှတ်နေရာ၌ ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တက်ရောက်လာသူများက ပျိုးပင်များကို သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းများ ပျိုးပင်များ တပျော်တပါး စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယနေ့ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း၊ ပန်းမဲဇလီ၊ သရှားနှင့် ကံ့ကော် စုစုပေါင်းပျိုးပင် ၂၃၀ ကို စိုက်ပျိုပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments