ကန့်ဘလူမြို့နယ်၌ မြေပဲဧက ၆၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး



ကန့်ဘလူ ဇူလိုင် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း တောင်သူများ၏ လယ်ယာမြေများတွင် မြေပဲ ၆၁၁၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဧကထက် ၉၆၃၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။

 

ကန့်ဘလူမြို့နယ်ရှိတောင်သူများသည် မိုးသီးနှံမြေပဲကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများနှင့်ရော၍ ပင်ကြား၊ တန်းကြား သီးညှပ်စိုက်ခင်းများဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ မိုးသီးနှံမြေပဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အများအပြားတွင် ဇူလိုင်လလယ်အတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဖြစ်သည်။

 

မြေပဲသီးနှံစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး ဒေသနှင့်ကိုက်ညီသည့် မြေပဲမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းတာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများကူညီပံ့ပိုးပေးခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments

Powered by Blogger.