သာကေတမြို့နယ် ထိပ်တန်းရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၌ ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
သာကေတ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး
သာကေတမြို့နယ် သမဝါယမအသင်းက အများပြည်သူများ ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့်
ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ထိပ်တန်းရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ကုန်မျိုးစုံဆိုင်တွင်
ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင်
ထိပ်တန်းရောင်းဝယ်ရေး သမဝါယမအသင်းက ကြက်ခြံများမှဝယ်ယူကာ မြို့နယ်အတွင်းရှိ ပြည်သူများအား
ကြက်ဥတစ်လုံးလျှင် ကျပ် ၅၅၀ နှုန်းဖြင့် စုစုပေါင်း
ကြက်ဥအလုံးရေ ၈၀၀၀ ကို ရောင်းချပေးပြီး ပြည်သူများလိုအပ်သလောက် ဝယ်ယူနိုင်ရေးအတွက်
စနစ်တကျ ဖြန့်ဝေရောင်းချပေးခဲ့သည်။
ထို့ပြင် အဆိုပါ
ထိပ်တန်းရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အရောင်းဆိုင်တွင် ဒေသခံပြည်သူများအား ကုန်မျိုးစုံ၊
လူသုံးကုန်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကိုလည်း သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း
သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments