ကယားပြည်နယ် လွိုင်လင်လေးတိုက်နယ်ကျန်းမာရေးဌာန ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

 


လွိုင်ကော် ဇူလိုင် ၃၀

 

ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျက်ရှိရာ လွိုင်လင်လေးတိုက်နယ်ကျန်းမာရေးဌာန အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ သည်။

 

အဆိုပါ တိုက်နယ်ကျန်းမာရေးဌာန ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ဒေသနေပြည်သူများအား ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားသည်။

 

ထို့ပြင် လွိုင်လင်လေးမြို့ အောင်တေဇရပ်ကွက်၌ မြေသားလမ်းမှ ကျောက်ချောလမ်းခင်းခြင်း၊ ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်းနှင့် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု သပြေကုန်းနှင့် လွယ်ထွဲကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ နွားလဝိုးကျေးရွာအုပ်စု၌ မြေပဲစိုက်ခင်းအတွင်း ကျောက်မှုန့်နှင့် သဘာဝမြေဩဇာ ရောစပ်ပက်ဖျန်းနေမှု၊ မိုးစပါးကွင်း၌ ယူရီးယား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ် ပက်ဖျန်းခြင်းသရုပ်ပြမှုနှင့် နွားလဝိုးရေလှောင်ကန် ရေထိန်းတံခါးအဆောက်အအုံ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ ရေသိုလှောင်ထိန်းသိမ်း၍ စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.