ပေါင်မြို့နယ် အထက(နတ်ကြီးချောင်)၌ ငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲ ပြုလုပ်

 


ပေါင် ဇူလိုင် ၃၀

 

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများ ကိုယ်ခန္ဓာ၊ ဉာဏ်ရည် ဖွံ့ဖြိုးစေပြီး ဗီတာမင်ဓာတ်များ ပြည့်ဝစွာရရှိစေရေး အာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အထက (နတ်ကြီးချောင်)ကျောင်းဝင်း၌ ပြုလုပ်သည်။

 

ငှက်ပျောပျိုးပင်များပေးအပ်

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးဇော်မြင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းမွန်တို့က ငှက်ပျောပျိုးပင်များပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုသက်က လက်ခံရယူသည်။

 

ထို့‌နောက် တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက တစ်သျှူးငှက်ပျော ၁၂၀၊ ဖီးကြမ်း ငှက်ပျော ၁၈၈ ပင်နှင့် သီးမွှေး ငှက်‌ပျော ၁၁၂ ပင် စုစုပေါင်း ငှက်‌ပျောပျိုးပင် ၄၂၀ ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.