ဖျာပုံမြို့၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေး

 


ဖျာပုံ ဇူလိုင် ၃၀

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ ဒုတိယလမ်း လူစည်ကားရာနေရာ၌ ပြုလုပ်သည်။

 

ဦးစွာ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူလင်း၊ အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ ရဲအုပ် စိုးမိုးသူတို့က ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.