ဖလမ်းမြို့၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာ ပေးအပ်
နေပြည်တော် ဇူလိုင် ၃၀
ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့်
ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ဖာရ်ထောက်၊ ကျင်မွာလ်၊ တလန်လို၊
ဗလိုင်၊ လိုင်ဇိုး၊ လိုင်လွန်၊ လုံပီးနှင့် ဇာလိုင် စသည့်ရပ်ကွက် ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား
အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန် ၄၃၃အိတ်နှင့်
စားသုံးဆီ ၉၇၈ ပိဿာကို ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး တက်ရောက်၍ ထောက်ပံ့ပစ္စည်းများကို ဒေသခံပြည်သူများအား
ပေးအပ်ပြီး ဖလမ်းမြို့ ယာယီ ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် လူနာများအား
ဆေးဝါးကုသစောင့်ရှောက် ပေးနေမှုများနှင့် ဖလမ်းမြို့ ဗလိုင်ရပ်ကွက် စည်ပင်သာယာဈေး၌
သား၊ ငါး၊ သီးနှံနှင့် ဟင်သီးဟင်းရွက်များ ရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး
ဈေးဝယ်သူ ပြည်သူများအား ဆန်များအခမဲ့ ဖြန့်ဝေပေးအပ်သည်။
ဖလမ်းမြို့ ယာယီပြည်သူ့ ဆေးရုံသည် ဖာရ်ထောက်ရပ်ကွက်
မြို့နယ်ခန်းမ၌ မေ ၁၁ ရက်မှစ၍ ဆရာဝန် နှစ်ဦး၊ ကျန်းမာရေး ဝန်ထမ်း ၈၂ ဦးတို့ဖြင့် ယာယီဆေးရုံ
ဖွင့်လှစ်လျက်ရှိပြီး ယနေ့အထိ ကုသပေးပြီး လူနာပေါင်း ၁၇၅၀ ရှိကြောင်း သိရသည်။
သတင်းစဉ်
-373120261144.jpg)
No comments