မြဝတီမြို့၌ ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲ ကျင်းပ

 


မြဝတီ ဇူလိုင် ၃၀

 

ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အမှာစကားပြော​ကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာမြေငှားဂရန် ဆောင်ရွက်မှုများနှင့်စပ်လျဉ်၍ ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ သင်္ဃန်းညီနောင်ကျေးရွာရှိ မြေငှားဂရန် အစောင် ၂၆၀ နှင့် မဲကနယ်ကျေးရွာအုပ်စု ဖားချောင်းကျေးရွာရှိ မြေငှားဂရန် ၆၅ စောင်တို့ကို ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)

No comments

Powered by Blogger.