မြိတ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ ကျင်းပ
မြိတ် ဇူလိုင် ၃၀
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက
မြိတ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် စီမံကိန်း လုပ်ငန်းသုံးခုအဖြစ် စန္ဒဝတ်ကျေးရွာအုပ်စု
ရွှေပေးကျေးရွာနှင့် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်တွင် အခြေခံနှင့်မွမ်းမံစက်ချုပ်သင်တန်းနှစ်ကြိမ်စီနှင့်
ကမ်းကြီးကျေးရွာတွင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း နှစ်ကြိမ်တို့
ကို ဖွင့်လှစ်ခဲ့သည်။ ယင်းသင်တန်းသို့ သင်တန်းသူ ၃၇ ဦး တက်ရောက်၍ ထူးချွန်သင်တန်းသူ
၁၅ ဦးအားရွေးချယ်ကာ ထူးချွန်သင်တန်းသူတစ်ဦးလျှင် ကျပ် ၁၈ သိန်းနှင့်ညီမျှသော စက်ပစ္စည်းကိရိယာများကို
လွှဲပြောင်းသုံးစွဲခွင့်ပြုသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့တွင် မြိတ်မြို့
ပုလဲရတနာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ
ပေးအပ်သည်။
အသေးစား စက်မှုလက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏
ဝင်ငွေတိုးစီမံကိန်းကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊
အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင် အသေးစား လုပ်ငန်းရှင်များ
ပေါ်ထွန်းလာစေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့်
ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်
ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)

No comments