မိုးညိုမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေး
မိုးညို ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၌
Wilmar Myanmar ကုမ္ပဏီ၏ ဖြန့်ဝေမှုဖြင့် ရောင်းချလျက်ရှိသော စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အရောင်းဆိုင်များကို
တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီဖြန့်ဖြူး
ရောင်းချမှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့်
သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု
ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသောဆီပိဿာချိန်ခွဲတမ်းများကို
ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိတို့ကိုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း
သိရသည်။
ကိုမင်း(ပြန်/ဆက်)

No comments