မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာရောင်း၀ယ်ရေး သမဝါယမအသင်း အစည်းအဝေးပြုလုပ်
ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ
သမဝါယမအသင်းများမှ သုနန္ဒာရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက်
နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ဇူလိုင် ၂၇ ရက်က
(ဆ)ရပ်ကွက် ဓမ္မသာလာဓမ္မာရုံ၌ ပြုလုပ်သည်။
သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကိုကိုဦးက
အမှုဆောင်ရွေးချယ်တင်မြှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်၊
ဝန်ကြီးဌာနနှင့် ဦးစီးဌာနက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့်
နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းတာဝန်ခံ ဒေါ်မြင့်မြင့်မော်က ဖတ်ကြားတင်ပြခဲ့ပြီး
အသင်းသားများ၏ အတည်ပြုချက်များ ရယူသည်။ အဆိုပါ အစည်းအဝေးသို့ အသင်းသား ၅၉ ဦး တက်ရောက်ခဲ့ပြီး
အစုပေါ် အမြတ်နှင့် အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments