လှိုင်မြို့နယ်၌ KG ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးမွေး
ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်
ကျောင်းကျန်းမာရေးအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၌
ပြုလုပ်သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာ ဝေဆင့်ကျော်နှင့် ဝန်ထမ်းများက KG တန်းမှ ကျောင်းသား ကျောင်းသူများအား ထမင်း၊
ကြက်သားဟင်း၊ ငှက်ပျောသီး၊ ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်သည့် ဖြည့်စွက်အာဟာရများ ကျွေးမွေးခဲ့ကြောင်း
သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)

No comments