မော်လမြိုင်မြို့နယ် ကော့ခနိကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်

 


မော်လမြိုင် ဇူလိုင် ၃၀

 

၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မော်လမြိုင်မြို့နယ် ကော့ခနိကျေးရွာရှိ ဒေသခံပြည်သူ ၁၈ ဦးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျေးရွာမြေငှားဂရန်များ ပေးအပ်သည်။

 

မြေငှားဂရန်ပေးအပ်ပွဲတွင် ပြည်သူများ၏အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည့် မိမိတို့နေထိုင်သည့် နေအိမ်ခြံဝင်းများကို ခိုင်မာသော တရားဝင်အထောက်အထား၊ မြေငှားဂရန်များ ရရှိစေခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိခံစားနိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာမြေငှားဂရန်များအား ကျေးရွာနေပြည်သူများအနေဖြင့် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ကြရန်၊ အလေးထားတန်ဖိုးထားကြစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.