အမေရိကန်က အီရန်အပေါ် ခြိမ်းခြောက်မှုများဆောင်ရွက်မည်ဆိုပါက ဆွေးနွေးပွဲများ ထပ်မံ ကျင်းပမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
တီဟီရန် ဇူလိုင်
၇
အမေရိကန်က အီရန်အပေါ် ခြိမ်းခြောက်မှုများဆက်လက်ဆောင်ရွက်မည်ဆိုပါက
အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများ
ထပ်မံကျင်းပမည်မဟုတ်ကြောင်း အီရန်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး ဆာယိ အဗတ် အေရာချီက
ဇူလိုင် ၇ ရက်တွင် ပြောကြားသည်။
နောက်ဆုံးအဆင့် သဘောတူညီချက်မရရှိပါက
အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်
အအုံနှင့် တံတားများအား ပစ်မှတ်ထားတိုက်ခိုက်မည်ဟု
အမေရိကန်သမ္မတ ထရမ့်က လူမှုမီဒီယာ အိက်စ်တွင် သတိပေးပြောကြားခဲ့ပြီးနောက်
အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခြင်းဖြစ်သည်။ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှု
စာချွှန်လွှာအရ နှစ်ဖက်ကြား နောက်ဆုံးအဆင့် သဘောတူညီချက်ရရှိရေးအတွက်
လက်ဘနွန်နိုင်ငံ အပါအဝင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် တိုက်ခိုက်မှုများ ရပ်တန့်ရမည် ဖြစ်သည်။
အမေရိကန်နှင့် အီရန်တို့သည် ယခုနှစ်
ဇွန် ၁၈ ရက်က ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ အား လက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆုံးအဆင့် သဘောတူညီချက်ရရှိရေး ဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments