ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှုများ ထိန်းချုပ်နိုင်ခဲ့



ကန်ပါလာ   ဇူလိုင်  

ယူဂန်ဒါနိုင်ငံတွင်  အီဘိုလာရောဂါကူးစက်မှုများအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒီနာ အက်ဝီနီက ဇူလိုင် ၅ ရက်တွင် ပြောကြားသည်။

အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ  အီဘိုလာရောဂါကူးစက်မှုများ   နိုင်ငံအတွင်းတွင်   ပြီးခဲ့သည့် နှစ်လအတွင်းမှ စတင်၍ ပျံ့နှံ့လာခဲ့ပြီးနောက် ယခုကဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို  အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ရောဂါပိုးရှိသူ များနှင့်  အနီးကပ်နေထိုင်ခဲ့သူများအား ရှာဖွေကုသခြင်းနှင့် အနီးကပ်စောင့်ကြည့်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ယူဂန်ဒါအနေဖြင့် ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုကန့်သတ်ချက်  ထုတ်ပြန်ထားရသည့် နိုင်ငံများကိုလည်း ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် အကူအညီများ ပေးနေကြောင်း သိရသည်။  

ဇူလိုင် ၅ ရက်တွင် ယူဂန်ဒါနိုင်ငံမှ ဆေးကုသရေးဝန်ထမ်းများနှင့်  လိုအပ်သည့်  ဆေးဝါးအကူအညီ များပါဝင်သည့်  အဖွဲ့တစ်ဖွဲ့သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

ယခုဆောင်ရွက်ချက်သည် နယ်စပ်ဖြတ်ကျော် အီဘိုလာရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်ဖြစ် ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.