တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၄၁ သိန်းအား ထုတ်ပေး



ကံမ ဇူလိုင် ၂၇


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စပယ်ခြုံကျေးရွာအုပ်စုမှ တောင်သူ (၁၂၂) ဦးတို့၏ မိုးစပါးစိုက်ဧက (၃၄၇) ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၄၁ သိန်းအား ထုတ်ပေးခဲ့သည်။ 


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်မြင့်ကျော်က ဘဏ်အဖွဲ့ဝင် တောင်သူများအား ချေးငွေဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ကံမမြို့နယ်၌ ငွေကျပ် ၅၀၅၀၀ သိန်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် သုံးသိန်းကျပ်နှုန်း၊ မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းငါးသောင်းနှုန်းဖြင့် ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးမည်ဖြစ်သည်။


ကျော်ဇေယျဝင်း(ကံမ)


No comments

Powered by Blogger.