သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥများ ရောင်းချပေး



ရန်ကုန် ဇူလိုင် ၂၇

မြောက်ဥက္ကလာပမြို့နယ်၌ သမဝါယမအသင်းက အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ကြက်ဥများ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ကုန်မျိုးစုံဆိုင်တွင် ရောင်းချပေးသည်။

ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး မြို့နယ်သမဝါယမအသင်းစု လိမီတက်အသင်းမှ ကြက်ခြံများမှ သွားရောက်၍ ကြက်ဥများ ၀ယ်ယူကာ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ ၁၂၀၀၀ ကို ရောင်းချပေးသည်။

မြောက်ဥက္ကလာပမြို့နယ် သမဝါယမအသင်းအနေဖြင့် ဆန်၊ ဆီနှင့် အခြားကုန်မျိုးစုံ အရောင်းဆိုင်တို့တွင် ဒေသခံပြည်သူများအတွက် ဒေသထွက်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

သက်လွင်စိုး(ပြန်/ဆက်)


No comments

Powered by Blogger.