လမ်းမတော်မြို့နယ်၌ အခွန်ဆိုင်ရာဟောပြောပွဲ ကျင်းပ
ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနက
အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု
အစီအစဉ်အရ အခွန်ဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လမ်းမတော်မြို့နယ် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)
မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊
စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်က အခွန်ဆိုင်ရာ
အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ်
လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့်
အခွန်အမျိုးအစားများနှင့် အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း
သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments