အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်



နယူးဒေလီ    ဇူလိုင်    ၂၉

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့်   သေဆုံးသူဦးရေ ၇၅ ဦးအထိ   မြင့်တက်လာပြီး နောက်ထပ် လူရှစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက  ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ဆီဗက်ဆာဂါခရိုင်တွင် သေဆုံးမှုအများဆုံး ၃၇ ဦး၊ ချာရိဒီအိုခရိုင်တွင် သေဆုံးသူ ၂၀ နှင့်   ဂျော်ဟက်ခရိုင်တွင် ကိုးဦးရှိကြောင်း အာသံပြည်နယ်ဝန်ကြီးချုပ်  ဟီမန်တာဘစ်ဝါဆာမာက  ပြော ကြားသည်။ ခရိုင် ၂၅ ခုရှိ ရွာပေါင်း ၂၁၈၅ ရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ ပြည်နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁ ဒသမ ၁၄ သန်း ထိခိုက်ခံစားခဲ့ရသည်။

ကယ်ဆယ်ရေးစခန်း   ၂၁၅ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၇၁၃၁၂ ဦး ခိုလှုံနေထိုင်လျက်ရှိသည်။

ရေကြီးရေလျှံမှုကြောင့် အိမ် ၁၃၆၈ လုံး ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေ ၄၅၃၄၁ ဟက်တာ ရေအောက်တွင်   နစ်မြုပ်နေကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။        

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.