ဖလမ်းမြို့နယ်၌ ဒေသခံပြည်သူများအတွက် လိုင်ဗားဆည်ရေလှောင်တမံမှ သောက်သုံးရေကို ဂါလန် တစ်သိန်းဆံ့ ပင်မရေလှောင်ကန် လေးလုံးဖြင့် ဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဇူလိုင် ၂၉

 

ဖလမ်းမြို့ရှိ လိုင်ဗားရေလှောင်တမံမှ ရေကို မြို့အတွင်းရှိ ရေလှောင်ကန်များသို့ Syphon စနစ်ဖြင့် သောက်သုံးရေပေးဝေလျက်ရှိသည့် ရေပိုက်လိုင်းများ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ကျိုးပေါက်ပျက်စီးခြင်း၊ ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ သောက်သုံးရေ ပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကာလအတွင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် သောက်သုံးရေများကို ဂါလန်တစ်သိန်းဆံ့ ပင်မရေလှောင်ကန် လေးလုံးဖြင့် ဖြန့်ဝေနေပြီဖြစ်ကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေး

ဖလမ်းမြို့နေ ဒေသခံပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနေမှုကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့အတူ ဖလမ်းမြို့ရှိ ဒေသခံ ပြည်သူများ ဆက်သွယ်မှု ကောင်းမွန်စေရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံး၌ MEC TEL တယ်လီဖုန်းလိုင်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.