ကျောက်တန်းမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ကျောက်တန်း ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင်
ခွေးရူးပြန် ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၄ ရက်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌
ကျင်းပသည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာမျိုးထွန်းက ခွေးရူးရောဂါ ကာကွယ်တားဆီးရေးအတွက် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊
ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး
မဖြစ်မနေထိုးရမည့် အခြေအနေများကို ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ကျောက်တန်းမြို့နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း
သိကောင်းစရာများ၊ ယင်လုံအိမ်သာအသုံးပြုပုံများနှင့် ခွေးရူးရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊
ရှောင်ရန်များကို ပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇင်ထွန်း
.jpg)
No comments