မြန်အောင်မြို့နယ်၌ စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချပေးနေမှု ကြည့်ရှုစစ်ဆေး

 


မြန်အောင် ဇူလိုင် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချပေးနေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မြို့နယ်စားအုန်းဆီဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်၊ ခရိုင်စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းကာ စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေး တစ်ပိဿာလျှင် ငွေ ၇၉၀၁ ကျပ်ဖြင့် တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စာအုန်းဆီရောင်းချပေး နေသောအမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်၊ ရှားတောကျေးရွာအုပ်စုတို့မှ စားအုန်းဆီလက်လီ၊ လက်ကား ကိုယ်စားလှယ်များက စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဦးသာ

No comments

Powered by Blogger.